Latest News

Better Knowledge Better Life

စူးရှထက်မှ အမှုကြေအေးပြီးဖြစ်သော်လည်း အစ္စဏီ၏ အာမခံလျှောက်ထားမှု တရားရုံးမှ ပယ်ချ

မုဒိမ်းမှု၊ အပြင်းအထန် နာကျင်စေမှုအပါအ၀င် ပုဒ်မသုံးခုဖြင့် အမှုရင်ဆိုင်နေရသည့် တေးသံရှင် အစ္စဏီ၏ အယူခံကို တာမွေမြို့ နယ် တရားရုံးမှ ပယ်ချလိုက်ကြောင်း သိရသည်။တေးသံရှင် အစ္စဏီ ရင်ဆိုင်နေရသည့် အမှုများအား အချုပ်လွှတ်ထုချေရန်အတွက် တာမွေမြို့နယ် တရား ရုံးတွင် သြဂုတ်လ ၉ ရက်က အာမခံလျှောက်ထားရာတွင် တရားရုံးမှ ပယ်ချလိုက်ခြင်းဖြစ်ကြောင်း အစ္စဏီ၏ အဒေါ်ဖြစ်သူထံမှ သိရသည်။

အစ္စဏီအား စွဲဆိုထားသည့် အမှုများနှင့် ပတ်သက်ပြီး တရာလိုပြုလုပ်တိုင်တန်းသူ မော်ဒယ်လ် စူးရှထက်မှ အမှုကျေအေးပေး သည့် စာကိုလည်း တရားရုံးသို့ လက်မှတ်ထိုးကာ သြဂုတ်လ ၅ ရက်က တင်ပြထားသည်။အဆိုပါ ကျေအေးမှုနှင့် ပတ်သက်ပြီး တရားရုံးရောက်ရှိနေသည့် အမှုဖြစ်သည့်အတွက် တရားရုံးလုပ်ထုံး လုပ်နည်းများအရ အမိန့်ချမှတ်နိုင်ရန် နှစ်လလောက်ကြာမြင့် မည်ဖြစ်ကြောင်း မော်ဒယ်လ်စူးရှထက်၏ ရှေ့နေ ဦးရောဘတ်စန်းအောင်က ရုံး ချိန်းတွင် မီဒီယာများအား ပြောဆိုထားသည်

အဆိုတော် အစ္စဏီမှာ အဓမ္မမှု ပုဒ်မ ၃၇၆၊ ပြင်းထန်နာကျင်စေမှု ပုဒ်မ ၃၂၄၊ သာမာန်နာကျင်စေမှု ပုဒ်မ ၃၂၃ စသည့် ပုဒ်မ ၃ ခုဖြင့် အမှုရင်ဆိုင်နေခြင်းပြီး မော်ဒယ်လ် စူးရှထက်(ခ) ဇာကြည်ဌေး က တာမွေမြို့နယ် တရားရုံး၌ တရား လိုပြုလုပ်တိုင်ကြား ခဲ့ခြင်းဖြစ်ကာ လက်ရှိအချိန်ထိအမှုကို စစ်ဆေးနေသည်မှာ ၁ နှစ်ကျော်ကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။

Credit-အကုန်သိ

Leave a Reply

Your email address will not be published. Required fields are marked *