Latest News

Better Knowledge Better Life

အချစ်ရေးနှင့်ပတ်သက်လို့ မိန်းကလေးတွေ လွဲမှားစွာယူဆနေတဲ့ အမှားများအ ကြောင်း

အယူအဆဆိုတာ နေရာတိုင်းမှာ အရမ်းကို အရေးကြီးပါတယ်။ အချစ်ရေးတစ်ခုမှာလည်း အယူအဆလေးတွေ မှားသွားတဲ့ အခါမဖြစ်သင့်တာတွေ ဖြစ်လာရပါတော့တယ်။ ဒါကြောင့် မိန်းကလေးတွေ အနေနဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေနဲ့ မဖြစ်သင့်တာတွေ ဖြစ်မလာအောင် လို့ အချစ်ရေးနဲ့ ပတ်သက်ပြီး မိန်းကလေးတွေရဲ့ လွဲမှားတဲ့ အယူအဆလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ငါ့ကိုဘယ်သူမှကြိုက်တော့မှာမဟုတ်ဘူး

ခုရည်းစားနဲ့ လူသိရှင်ကြားတွဲထားတယ်။ ဒါကြောင့် သူနဲ့ပြတ်သွားရင် ကိုယ့်ကိုဘယ်သူမှ ကြိုက်တော့မှာ မဟုတ်ဘူး ဆိုတဲ့ ရူးကြောင်ကြောင်အတွေးမျိုးတွေကို မတွေးပါနဲ့တော့။ အဟောင်းတွေသွားပြီး အသစ်တွေလာတာ လောကရဲ့ နိယာမဖြစ်လို့ သင့်အတွက် အနည်းဆုံး တစ်ယောက်ယောက်တော့ အမြဲရှိပါတယ်။ သူကလွဲပြီး ဘယ်သူ့ကိုမှ မချစ်နိုင်တော့ဘူး တို့၊ ငါ့ကိုဘယ်သူမှ ကြိုက်တော့မှာ မဟုတ်ဘူး ဆိုတဲ့ အတွေးတွေက ဘယ်လောက်ရယ်စရာကောင်းလဲဆိုတာ တစ်ချိန်ကျရင်သင် သိလာမှာပါ။

(၂) အသွင်အပြင်ကအရေးမကြီးပါဘူး

မိန်းကလေးတော်တော်များများဟာ ချစ်သူရှိလို့ သက်တမ်းကြာလာတဲ့အခါ ပြင်ပြင်ဆင်ဆင်နေဖို့ သိပ်အရေးမကြီးဘူးလို့ ထင်တတ်ကြတယ်။ ဒီအချက်ဟာမှားပါတယ်။ အများအားဖြင့် ပြင်ပြင်ဆင်ဆင်နေတဲ့ မိန်းကလေးတွေဟာ ချစ်သူကို ပိုပြီးဆွဲဆောင်နိုင်ကြပါတယ်။ ချစ်သူက တွေ့လိုက်တိုင်း အမောပြေသွားစေမယ့် အပြင်အဆင်မျိုးသာ အမြဲတမ်းပြင်ကြည့်။ ရိုးသွားတယ်ဆိုတာ ဘာလဲလို့တောင် မေးယူရပါလိမ့်မယ်။

(၃) လမ်းမခွဲချင်ဘူး

ဘဝမှာ ကိုယ်နဲ့ဘယ်လိုမှ အဆင်မပြေနိုင်တဲ့သူ၊ ကိုယ့်ကို ဒုက္ခတွေပဲပေးနေတဲ့ ချစ်သူကို လမ်းမခွဲချင်တာလောက် ဆိုးတာမရှိတော့ပါဘူး။ ဇွဲဆိုတာမျိုးက ပညာရေးတို့ အလုပ်တို့မှာပဲကောင်းတာပါ။ အရင်က အမှားတွေကို အခွင့်ကောင်းယူပြီး အမြဲအနိုင်ကျင့် ခံနေရတာမျိုး၊ သူ့ရဲ့ဆိုးဒဏ်မှန်သမျှကို ရင်စည်းခံတဲ့နေရာမျိုးတွေမှာ ဇွဲရှိစရာမလိုပါဘူး။ ဘဝထဲကထုတ်လိုက်ဖို့ အချိန်လည်းမဆွဲပါနဲ့၊ ဝန်လည်းမလေးပါနဲ့။ အဲဒီ့အတွက် ရလာမယ့် နာကျင်မှုက ခဏဆိုမှ ခဏလေးပါ။

(၄) ငါမလှရင်ငါ့ကိုချစ်မှာမဟုတ်ဘူး

ဒါဟာ နံပါတ်(၁) အချက်နဲ့ ဆန့်ကျင်နေသလိုလို ရှိပေမယ့် ဆိုလိုပုံခြင်း မတူပါဘူး။ ဒါဟာ ပင်ကိုယ် သဘာဝနဲ့ ဆိုင်တဲ့ အရာပါ။ လူတစ်ယောက်ရဲ့ အချစ်ကိုရဖို့ သင့်ရဲ့ သဘာဝကို ပြောင်းပစ်လိုက်ဖို့ မလိုပါဘူး။ ခွဲစိတ်ပြုပြင်တာတွေ၊ အစာအငတ်ခံတာတွေ၊ ကိုယ့်ကိုယ်ကို နှိပ်စက်တာတွေ လုံးဝလုပ်စရာမလိုပါဘူး။ အဲလိုလုပ်လိုက်မှ ကြိုက်လာကြမယ့် ယောက်ျားတွေရဲ့ အချစ်ကိုရော အစစ်လို့ သင်ယုံကြည်နိုင်ပါ့မလား။ ဒါကြောင့် အရှိအတိုင်းကိုသာ မွမ်းမံပါ၊ မဖျက်စီးပါနဲ့။ သင့်ကို ချစ်တဲ့သူကတော့ သင့်ရဲ့ အရှိအတိုင်းကို လက်ခံနိုင်မှာပါ။

(၅) တူတူအိပ်ပေးမှအချစ်စစ်

ချစ်သူက “ငါ့ကို တကယ်ချစ်ရင် တူတူအိပ်ကြမယ်” လို့ပြောလာတဲ့အခါ အများစုက ပြတ်ပြတ်သားသား ငြင်းရမယ့်အစား လိုက်လျောတတ်ကြတယ်။ ဒါဟာ အရမ်းကို မှားပါတယ်။ အနှစ်နှစ်အလလက ထိန်းသိမ်းလာခဲ့တဲ့ သင့်ရဲ့ အပျိုစင်ဘဝဟာ မိနစ်ပိုင်းလေးနဲ့ လဲဖို့ထိုက်တန်ရဲ့လား စဉ်းစားပါ။ တကယ်လို့ သင်တူတူမအိပ်ပေးလို့ ဖြတ်သွားတယ်ဆိုရင် သင်ပိုတောင် ဝမ်းသာသင့်ပါတယ်။ တူတူအိပ်ပေးမှ အချစ်စစ်လို့ထင်နေတာ သိပ်ကိုမှားပါတယ်။ တချိန်ကျရင် အကြီးအကျယ်နောင်တ ရပါလိမ့်မယ်။

crd..auntymay

Leave a Reply

Your email address will not be published. Required fields are marked *