ကြက်ဟင်းခါးသီးက အစာခြေစနစ်ကို ကောင်းစေတဲ့အပြင် အ၀လွန်တာတွေကိုလည်း ကာကွယ်ပေးပါတယ်။ ကြက်ဟင်းခါးသီက အဆီများတဲ့အစားအစာတွေရဲ့ ဆိုးကျိုးတွေကိုပယ်ဖျယ်ပေးပါတယ်။

(၂) အသည်းကျန်းမာရေး ကောင်းစေတယ်

အ၀လွန်ခြင်း ၊ ဆီးချိုရှိခြင်း ၊ အဆီများခြင်း တွေရဲ့နောက်ဆက်တွဲမှာ အသည်းအဆီဖုံးဖြစ်လာစေပါတယ်။ ကြက်ဟင်းခါးသီးကတော့ အသည်းကို ဆိုးရွားစေနိုင်တာတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။

(၃) ကင်ဆာရောဂါ တိုက်ဖျက်ပေးတယ်

ခါးတဲ့အသီးတွေကတော့ ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ ကြက်ဟင်းခါးသီးလို့ အခါးဓာတ်ပါတဲ့ အသီးက ရင်သားကင်ဆာ နဲ့ အသည်းကင်ဆာတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။

(၄) ဆီးချို ထိန်းပေးတယ်

ကြက်ဟင်းခါးသီးမှာပါတဲ့ ဓာတ်က ဆီးချိုကို ထိန်းပေးပါတယ်။ တကယ်လို့ သင့်မှာ ဆီးချိုရှိနေရင် ကြက်ဟင်းခါးသီးကို စားပေးနိုင်ပါတယ်။ ခါးတဲ့အသီးတွေထဲကမှ ကြက်ဟင်းခါးသီးက ကျန်းမားရေးအတွက် ကောင်းစေနိုင်ပါတယ်။

crd..auntymay