မန်မာနိုင်ငံမှာ ဥတု (၃)ခု ရှိတဲ့အနက် လက်ရှိ မုတ်သုံရာသီဟာဆိုရင် ကူးစက်ရောဂါ၊ တုပ်ကွေးနဲ့ ဝမ်းရောဂါတွေ အဖြစ်များဆုံး ရာသီဥတုဖြစ်ပါတယ်။ ဒီလိုဥတုမျိုးမှာ စာဖတ်သူပရိသတ်အနေနဲ့ ပြင်ပရောဂါပိုးမွှား ကူးစက်မခံရအောင် ကြိုတင်ကာကွယ်ထားနိုင်မှာ တော်ကာကျပါမယ်။ ရောဂါပိုး ကူးစက်မခံရအောင် ကိုယ်ကိုယ်တိုင်အတွက် အရင်ဆုံးလုပ်နိုင်မယ့်အရာကတော့ ကိုယ်ခံအားကို မြှင့်တင်ထားခြင်း ဖြစ်ပါတယ်။

ကိုယ်ခံအားစနစ်က သင့်ခန္ဓာကိုယ်ထဲကို မကောင်းတဲ့ ရောဂါပိုးမွှားတွေ ဝင်ရောက်မလာနိုင်အောင် တံတိုင်းတစ်ခုသဖွယ် ကာကွယ်ပေးထားပါတယ်။ အကယ်၍ ဒီတံတိုင်းကြီးက အင်အားလျော့နည်းနေတယ်ဆိုတာနဲ့ ပြင်ပကနေ ရောဂါပိုးတွေ ခန္ဓာကိုယ်ထဲ ဝင်ရောက်လာတော့မှာပါ။ အထူးသဖြင့် လက်ရှိအဖြစ်များနေတဲ့ ခြင်ကနေတစ်ဆင့် ကူးစက်နိုင်တဲ့ တုပ်ကွေးအမျိုးမျိုး၊ နှာစေးချောင်းဆိုး၊ ဝမ်းရောဂါ စတာတွေ ဖြစ်ဖို့ ရာခိုင်နှုန်းများလာနိုင်ပါတယ်။

ဒါဆို အထက်ပါရောဂါတွေကို ကာကွယ်ဖို့ ကိုယ်ခံအားကို ဘယ်လိုမြှင့်တင်နိုင်မလဲ..

သင့်ရဲ့ နေ့စဉ်နေထိုင်မှုပုံစံကို စစ်ဆေးကြည့်ပြီး အရင်ဆုံးပြင်သင့်တာ ပြင်ရပါမယ်။ နေထိုင်မှုပုံစံဆိုရာမှာ အိပ်စက်အနားယူချိန်၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ အစားအသောက် အားလုံးပါဝင်နေပါတယ်။

အိပ်ချိန် – အရွယ်ရောက်ပြီးသားလူတွေအနေနဲ့ တစ်နေ့ကို အနည်းဆုံး အိပ်ချိန် ၈ နာရီပြည့်အောင် အိပ်သင့်ပါတယ်။ ခန္ဓာကိုယ်တွင်း အလုပ်လုပ်ပုံ ညီညွတ်အောင် စောစောအိပ်၊ စောစောထ ပုံစံမျိုး ဖြစ်ရပါမယ်။

လေ့ကျင့်ခန်း – လေ့ကျင့်ခန်း ပုံမှန်လုပ်ဖို့ ဆိုရာမှာ အလုပ်များတဲ့လူတွေအတွက် သိပ်မတတ်နိုင်ဘူးလို့ ဆိုနိုင်တဲ့အတွက် လမ်းမြန်မြန်လျှောက်တာ၊ ပုံမှန်လေး ပြေးတာ စတဲ့ လေ့ကျင့်ခန်း အလွယ်စားလေးတွေ လုပ်ပေးသင့်ပါတယ်။

အစားအသောက် – အသားနဲ့အသီးအရွက်တွေကို ညီညွတ်မျှတအောင် စားပေးပါ။ အရည်ရွှမ်းတဲ့ အသီးအနှံတွေကို များများစားပေးပါ။ ဆေးလိပ် မသောက်သုံးသင့်ပါဘူး။ အယ်ကိုဟောသောက်သုံးမှုကို မဖြတ်တောက်နိုင်ရင်တောင် အတော်အသင့်သာ သောက်သုံးသင့်ပါတယ်။ သန့်ရှင်းစွာ ချက်ပြုတ်ထားတဲ့ အစားအစာတွေကိုသာ ရွေးချယ်စားသုံးသင့်ပါတယ်။

သန့်ရှင်းမှု – တစ်ကိုယ်ရည်သန်ရှင်းမှုကို အထူးဂရုစိုက်ရမှာ ဖြစ်ပြီး လက်ကို မကြာခဏ သန့်စင်အောင် ဆေးကြောပေးရပါမယ်။

အာဟာရ – သင်နဲ့ သင့်မိသားစုဝင်အားလုံးအတွက် သင့်တော်တဲ့ အာဟာရစားသုံးမှုကို ရွေးချယ်ထားသင့်ပါတယ်။ မိသားစုဝင်အားလုံးအတွက် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးမယ့် အာဟာရမျိုးကို အိုဗာတင်းက ပေးစွမ်းနိုင်ပြီး အိုဗာတင်း Malted Milk မှာ​ဆိုရင် ခန္ဓာကိုယ်အတွက် အဓိကလိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ် ၂၃ မျိုး၊ ပရိုတင်းဓာတ် ကြွယ်ဝစွာ ပါဝင်လို့ သားသားမီးမီး၊ ဖိုးဖိုးဖွားဖွားတို့အပါအဝင် အရွယ်မရွေးနဲ့ သင့်တော်ပါတယ်။ အိုဗာတင်းတစ်ခွက်မှာ ပါဝင်တဲ့ ကယ်ဆီယမ်ဓာတ်ကလည်း နွားနို့ ၂ ခွက်စာနဲ့ ညီမျှတာမို့ ခုခံအားစနစ်မြှင့်တင်ဖို့နဲ့ ကျန်းမာဖို့အတွက် မိသားစုတိုင်း အိုဗာတင်းနဲ့ နေ့စဉ်အစပြုသင့်ပါတယ်။ အထက်ဖော်ပြပါအချက်လေးတွေကို လိုက်နာပြီး မိသားစုတိုင်း မိုးရာသီမှာ ကျန်းမာတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ကြဖို့ မျှော်လင့်လျက်..

crd.. aunty may