တစ်ခေတ်တစ်ခါက အနုပညာလောကမှာ ကြော်ငြာ၊ ရုပ်ရှင်ဇာတ်ကားတွေနဲ့ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ မင်းသမီးထက်ထက်မိုးဦးကတော့ ယနေ့တိုင်အောင် ပရိသတ်ရင်ထဲမှာ နေရာယူထားဆဲ ဖြစ်ပါတယ်။ အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းတဲ့ အပြုံးချိုချိုတွေနဲ့ ထက်ထက်က နှစ်တွေဘယ်လိုပြောင်းပြောင်း အရင်တုန်းကအတိုင်း လှနေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ထက်ထက်က ပွဲအခမ်းအနားလေးတွေ အများဆုံးတက်ရောက်နေရတာ ဖြစ်ပါတယ်။

ဒီနေ့မှာလည်း မိတ်ကပ်လင်းလင်းက ပွဲတက်မယ့် ထက်ထက်အတွက် အလှပဆုံး ပြင်ဆင်ခြယ်သပေးထားတာ တွေ့ရပါတယ်။ ငယ်ရွယ်နုဖတ်ပြီး အစွမ်းကုန်လှပနေတဲ့ ထက်ထက်ကတော့ ညို့အားပြင်းတဲ့အလှတရားတွေနဲ့ ဆွဲဆောင်မှုပိုနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ထက်ထက်က လူမှားရလောက်အောင် ဆံပင်အတိုလေးနဲ့ လိုက်ဖက်တင့်တယ်နေတာပဲ ဖြစ်ပါတယ်။

လင်းလင်းကလည်း ” ပြည်သူအချစ်တော် မထက်ကို Bella Cosmetic Myanmar ရဲ့Perfume ပွဲလေးအတွက် လိမ်းပေးထားပါတယ် ချစ်စရာကောင်းရဲ့လားရှင့် ညနေ Myanmar Plaza မှာ ဆုံမယ်နော်ချစ်တို့ရေ ” ဆိုပြီး ထက်ထက်မိုးဦးရဲ့ပုံလေးတွေကို တင်ပေးထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ကြွေရုပ်လေးတစ်ရုပ်လို လှသွေးကြွယ်နေတဲ့ ထက်ထက်မိုးဦးရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Lin Linn; crd…