Latest News

Better Knowledge Better Life

မိုးထိလို့ ဗောက်ထယားယံနေတဲ့ သူတွေအတွက်အ ကောင်းဆုံး ဖြေရှင်းနည်းများ

ဗောက်ထတာက ကိုယ့်ကိုယ်ကိုယုံကြည်မူအားနည်းစေသလို ညဘက်တွေမှာလည်း အိပ်မပျော်ဖြစ်တတ်ပါတယ်။ ဗောက်တွေကြောင့် ဦးရေပြားယားယံပြီး အိပ်မပျော်တဲ့ညတွေ မရှိစေရတော့အောင်လုပ်ပေးနိုင်မယ့် နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။

(၁) Jojoba Oil

ပါဝင်ပစ္စည်းများ – Jojoba Oil (စားပွဲတင်ဇွန်း ၂-၃ ဇွန်း) ၊ Shower cap ။
– ဆီကို လက်နှစ်ချောင်းနဲ့ ပွတ်ပေးပြီး အပူပေးလိုက်ပါ။
– ပြီးရင် ဦးရေပြားကို လိမ်းပေးပြီး မိနစ်အနည်းငယ်လောက် နှိပ်နယ်ပေးပါ။
– ဆံပင်ကို Shower cap နဲ့ မိနစ် (၂၀)လောက် အုပ်ပေးပါ။
– ပုံမှန်အတိုင်း ခေါင်းလျှော်ပေးပါ။

(၂) ငါးအဆီ

ပါဝင်ပစ္စည်းများ – ငါးအဆီ (ငါးကြီးဆီလို ဖြည့်စွပ်ဆေးမျိုး)။
– တစ်ရက်ကို (၁-၂) တောင့်သောက်ပေးပါ။
– မနက် (၁)လုံး ၊ ည (၁)လုံးသောက်ပေးပါ။
– ငါးအဆီမှာ omega-3 fatty acids ပါတာကြောင့် ဦးရေပြားခြောက်တာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

(၃) ကြက်သွန်ဖြူ

ပါဝင်ပစ္စည်းများ – ကြက်သွန်ဖြူ (၄စိတ်) ၊ ပျာရည် (စားပွဲတင်ဇွန်း ၁ ဇွန်း)။
– ကြက်သွန်ဖြူကို ချေပေးပြီး ပျားရည်နဲ့ ရောပေးပါ။
– ရလာတဲ့အရောကို ဦးရေပြား မှာ လိမ်းပေးပြီး နှိပ်နယ်ပေးပါ။
– (၁၅)မိနစ်လောက်နှပ်ထားပေးရင် ခေါင်းလျှော်ရည်နဲ့ လျှော်ပေးပါ။

(၄) Baking Soda

ပါဝင်ပစ္စည်းများ – Baking Soda (စားပွဲတင်ဇွန်း ၁ ဇွန်း)။
– ဆံပင်ကိုရေစိုနေအောင်လုပ်ပေးပြီး Baking Soda နဲ့ ဦးရေပြား ၊ ဆံသားတွေကို ပွတ်ပေးပါ။
– မိနစ်အနည်းငယ်လောက် ထားပေးပြီး ဆံပင်ကို ရေနဲ့ လောင်းချပေးပါ။
– ခေါင်းလျှော်ရည်နဲ့လည်း လျှော်ပေးနိုင်ပါတယ်။
– တစ်ပတ်ကို (၂)ကြိမ်စီလုပ်ပေးပါ။

Hannwe Soe crd…

Leave a Reply

Your email address will not be published. Required fields are marked *