Latest News

Better Knowledge Better Life

အမြဲကဲ့ရဲ့ခံရတဲ့ ​မွေးရာပါ စာနီအမှတ်​ကို ခွန်​အားယူပြီး ရပ်​တည်​ခဲ့ရတဲ့ အ​ကြောင်းကို ​ပြောပြလာတဲ့ ​နေခြည်​ဦး……

ပရိသတ်​​တွေကို ​အမြဲလိုလို အလှအပနဲ့ပတ်​သတ်​တဲ့ အ​ကြောင်းအရာ​တွေကို ​ဝေမျှ​ပေး​လေ့ရှိတဲ့ Beauty Blogger မ​လေး ​နေခြည်​ဦးက​တော့သူမရဲ့ပွင့်​လင်းတဲ့ချစ်​စရာစိတ်​ထား​လေး​ကြောင့်​ သူမကိုချစ်​တဲ့ပရိသတ်​​တွေ တစ်​​နေ့တစ်​ခြား ပိုပိုပြီးများလာတာပါ။ လတ်​တ​လောမှာ​တော့ ​နေခြည်​ဦးက ပရိသတ်​​တွေအတွက်​ ​မွေးရာပါ အားနည်းချက်​ကို ခွန်​အားယူပြီး ​ရှေ့ဆက်​ကြဖို့ အမြဲကဲ့ရဲ့ခံရတဲ့ ​မွေးရာပါ စာနီအမှတ်​ကို ခွန်​အားယူပြီး ရပ်​တည်​ခဲ့ရတဲ့ သူမရဲ့အ​ကြောင်းကို ဥပမာ​ပေးပြီး ​ပြောပြခဲ့တာ ​တွေ့ရပါတယ်​။

ချစ်​ပရိသတ်​​တွေအတွက်​ ​သေချာဖတ်​ရင်​ ခွန်​အားရ​စေမယ့်​ ​နေခြည်​ဦးရဲ့အ​ကြောင်းကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော်​။

နေခြည်​ဦးက​တော့ ” မိမိခန္ဓာကိုယ်ပေါ်က uniqueness အတွက် တစ်ပါးသူရဲ့ ကဲ့ရဲ့မှုကို စိတ်ထဲကိုထားမနေပါနဲ့။ 💪🏻💪🏻💪🏻နေခြည်အပါအဝင်ပေါ့ ….နေခြည့်သူငယ်ချင်းတွေတစ်ချို့မှာကော ကိုယ့်ရဲ့ မွေးရာပါအမှတ်အသား ထိခိုက်ရှနာ အသက်အန္တရာယ်နဲ့ကြုံခဲ့ပြီးခွဲစိတ်မှုပြုလုပ်လိုက်ရတဲ့ ထိခိုက်ဒဏ်ရာ အမာရွတ်တွေနဲ့ ပါတ်သက်ပြီး စိတ်အားငယ်တာ ကိုယ်မလှတော့ဘူးဆိုပြီး insecure ဖြစ်နေတဲ့သူတွေအများကြီးရှိပါတယ်။ အဲ့လိုလူမျိုးတွေအတွက် နေခြည်ကအရင်ဆုံး “congratulations “ လို့ပြောချင်ပါတယ်။ 😻😻😻ဘာလို့လဲဆိုတော့ ဘယ်လောက်သေးတဲ့ ဒဏ်ရာအမာရွတ်လေးဘဲဖြစ်နေပါစေ ဒီဒဏ်ရာလေးကြောင့် ကိုယ်ဒီနေ့အထိရှင်သန်နေရဆဲ ကြီးထွားနေရဆဲ အားအင်တွေရနေဆဲဆိုတာ မမေ့စေချင်လို့ပါ။ 💪🏻💪🏻

ဒီဒဏ်ရာလေးကြောင့် အသက်ဘေးက လွတ်ခဲ့တဲ့ သူတွေလဲရှိတာကြောင့် မိမိကိုယ်ကိုယ်ကို မိမိ #selflove လုပ်တတ်ဖို့နေခြည်အရင်ဆုံး ပြောပါရစေ။🤘🏻🤘🏻နိုင်ငံခြားက Celebrities တွေက သူတို့အမာရွတ်တွေနဲ့ပက်သတ်ပြီးလုံးဝ ရှက်ရွံ့တာတွေ သိမ်ငယ်တာတွေမဖြစ်ပဲ အမာရွတ်ကိုအလှဆင်ပြီး ဒီဇိုင်းအဖြစ်တောင်ထားတာမျိုးရှိပါတယ်လို့ Classic Noir facebook page မှာထားတာ ဖတ်ရပါတယ်။ အဲ့ထဲက အခြား celebrities တွေနဲ့ သူတို့ရဲ့ အမာရွတ်အကြောင်းရေးထားတာကို နေခြည် highlights လုပ်ပေးချင်ပါတယ်။ Kylie Jenner- Kylieကတော့ 5နှစ်သမီး တုန်းက တူတူပုန်းတိုင်းဆော့ရင်း ထိခိုက်မိထားတဲ့သူမ ပေါင် မှာရှိတဲ့ အမာရွတ်ကို Instagram မှာတင်ပြီး I love my scar ဆိုပြီး Caption ရေးပြီး IG မှာတင်ထားပါတယ်။ Kate Middleton- မင်းသမီးလေး Kate ကသူမ ငယ်ဘဝမှာ Operation လုပ်ထားရလို့ရတဲ့ သုံးလက်မအရွက် အမာရွတ် တစ်ခုရှိပါတယ်။ ဒါကိုမဖုံးထားပဲ ဆံပင်အပြောင်သိမ်းပြီးတောင် ဖော်ထားပါတယ်။

Selena Gomez- မကြာသေးခင်က ကျောက်ကပ် အစားထိုးထားတဲ့ selena ကတော့ သူမ ဒဏ်ရာကို Bikini နဲ့  confidenceရှိရှိ ဝတ်ပြခဲ့ပါတယ်။ Padma Lakshi – သူမကတော့ သူမပုခုံးက အမာရွတ်ကို”ဒီအမာရွတ်က သူမကို ထင်ရှားစေပြီး ဒီအမာရွတ်ကြောင့် Padma Lakshi ဖြစ်လာတာ” လို့ ပြော ခဲ့ပါသေးတယ်Taylor Swift က Interview တခုမှာပြောတာကတော့ သူမငယ်ငယ်တုန်းက Glue gun သုံးရင်းလောင်သွားတဲ့ ဒီဒဏ်ရာလေးကြောင့်ကျန်ခဲ့တဲ့ အမာရွတ်လေးက လှ ပြီးတော့ ကျန်ခဲ့တဲ့အတွက် ဒါပုံမှန် Case တစ်ခုလို့ ဖြေထားပါတယ် Perrie Edwards- သူမကတော့ ကလေးဘဝက ဗိုက်ခွဲထားတဲ့ ဒဏ်ရာရှိပါတယ် အစက မပြ ချင်ဘူးဆိုပေမဲ့ နောက်ပိုင်း Instagram မှာတောင် Plunging topလေး ဝတ်ပြပြီးတင်ထားပါတယ် ဒီ celebrity အကြောင်းအရာအားလုံး မှီငြမ်းမှု အားလုံးက Classic Noir ဆိုတဲ့ facebook page ကရေးသားမှုကို နေခြည်ကြိုက်လို့ တိုက်ရိုက်ယူထားတာပါ။

ပြီးရင်တော့ နေခြည့်အလည့်ပေါ့။ နေခြည်လဲ နေခြည့်မွေးရာပါ စာနီအမှတ်နဲ့ပါတ်သက်ရင် ငယ်စဉ်က အရမ်းသိမ်ငယ်ခဲ့ရသူပါ။ကျောင်းမှာဆို “ရေနွေးပူလောင်တာလား ” “အထိုးခံထားရတာလား” “နှာခေါင်းကြီးကနီနေတယ် ဘာဖြစ်တာလဲ” စသဖြင့် ကိုယ့်ရဲ့သိမ်ငယ်မှုကို ရိုက်ချိုးစေတဲ့ မေးခွန်းတွေ အများကြီး မေးခံရပါတယ်။ ဒါပေမယ့် ကိုယ် educated ဖြစ်လာတဲ့အခါ ဒါတွေကိုနေခြည်ကောင်းစွာ handle လုပ်နိုင်တယ်။မေးနေတဲ့သူရဲ့ စိတ်ထဲမှာ ဒါတကယ်သူစိတ်ပူပြီး မသိလို့မေးတာလား သိရဲ့နဲ့ ကဲ့ရဲ့ချင်လို့မေးတာလားကို ခွဲခြားလာနိုင်တယ်လေ။ တကယ်မသိလို့မေးတဲ့သူတွေဆို နေခြည် နေခြည့်ဖြစ်တည်မှုက်ုသေချာရှင်းပြတယ်။ ကဲ့ရဲ့ချင်တဲ့ လူတစ်စုအတွက်တော့ ကိုယ်က ဒီကနေ ပိုက်ဆံရနေတယ်ဆိုတာ သူတ်ု့မသိပါလားဆိုပြီး ပွင့်ပွင့်လင်းလင်းပြောရရင် သနားတတ်လာတယိ။

မျက်နှာဆိုတာ လူတစ်ယောက်ရဲ့ first impression ဘဲလေ။ ဒီလိုနေရာမှာ စာနီမှတ်အကြီးကြီးပါနေတဲ့ နေခြည်တောင် ဒါတွေက်ု ကျော်လွှားနိုင်ရင် ကိုယ့်ရဲ့ဖြစ်တည်မှု uniqueness ကို အတွေးအခေါ် ညဏ်ပညာ နည်းတဲ့ သူတွေရဲ့ ခပ်ညံ့ညံ့ ကဲ့ရဲ့မှုတွေ အတွက် ဘဝမှာ အချိန်လဲမပေးနဲ့ နေရာလဲမပေးပါနဲ့။တူညီတဲ့အရာတွေထဲကမှ မတူညီတာ တစ်ခုက ထူးခြားတဲ့ အလှတရားပါ။ ပုံမှန်တွေထဲက ကွဲထွက်နေတာကမှ ဒါဆွဲဆောင်မှု တစ်ခုပါ။ ဒီအလှကို အရင်ဆုံးကိုယ်ကိုယ်တ်ုင်မြင်ပြီး #selflove လုပ်တတ်ရမယ်နော်။နောက်တစ်ခါ ကိုယ့်အမာရွတ်နဲ့ ပတ်သက်ပြီး ကဲ့ရဲ့ခံရရင်”နှာခေါင်းမှာ စာနီနဲ့ နေခြည်ဦးကို သိတယ်မှတ်လား? 😏😏အေးငါလဲသူ့လို ကိုယ့်အမာရွတ်ကိုကိုယ်ချစ်ပြီး အဲ့ဒါနဲ့ တစ်နေ့ ပိုက်ဆံရှာမှာ” လို့ ချေပြီးပြန်ပြောလိုက်စမ်းပါ။ 💪🏻💪🏻💪🏻🤘🏻🤘🏻♥️Always Remember selflove and selfrespect are the key to CONFIDENCE much love,Nay Chi “ဆိုပြီး ​သူမရဲ့အားနည်းချက်​​တွေကို ဂုဏ်​ယူတတ်​​စေဖို့ စိတ်​ဓာတ်​ခွန်​အား​တွေ ​ပေးခဲ့တာပါ။

 

Leave a Reply

Your email address will not be published. Required fields are marked *