Latest News

Better Knowledge Better Life

….ယောက်ျားတွေ သူတို့အသက်နဲ့ထပ်တူ ချစ်ရသူကို တွေ့တဲ့အခါ ဒီလိုပြုမူကြပါတယ်တဲ့

အပြုအမူဆိုတာ ယောက်ျားလေးတစ်ယောက်ရဲ့ စိတ်နှလုံးသားထဲကလာတဲ့ ခံစားချက်အစစ်အမှန် ဖြစ်ပါတယ်။ ယောက်ျားလေးနဲ့ မိန်းကလေးဆိုတာ ချစ်တာချင်းတော့တူပေမယ့် အချစ်ကို ခံစားပုံချင်း၊ ထုတ်ပြပုံချင်းဘယ်တော့မှ မတူညီပါဘူး။ ခုဖော်ပြပေးမှာကတော့ ယောက်ျားလေးတစ်ယောက်က သူ့ဘဝနဲ့ထပ်တူချစ်ရမယ့်သူကို တွေ့ထားပြီဆိုရင် လုပ်တတ်တဲ့ အပြုအမူ၊ အကျင့်လေးတွေပဲဖြစ်ပါတယ်။

(၁) နားထောင်ပေးတယ်

များသောအားဖြင့် မိန်းကလေးတွေဟာ ယောက်ျားလေးတွေထက် ပိုပြီး နားထောင်ပေးတတ်ကြသူတွေပါ။ ယောက်ျားလေးတွေဆိုတာ အမှန်အတိုင်းပြောရမယ်ဆိုရင် နားထောင်မှုအပိုင်းမှာ အင်မတန်အားနည်းသူတွေပါ။ ယောက်ျားလေးတွေဟာ သူတို့တကယ်စိတ်ဝင်စားတဲ့ အရာပေါ်မှာသာ အာရုံစိုက်နိုင်ကြသူတွေပါ။ တကယ်လို့ သင့်ချစ်သူဟာ သင်ပြောတဲ့အကြောင်းအရာတွေကို စိတ်ဝင်တစားနားထောင်ပေးတယ်ဆိုရင်တော့ သူ့ဘဝနဲ့ထပ်တူ သင့်ကို ချစ်လို့ဆိုတာ သိထားပါ။

(၂) စတေးဖို့မကြောက်ဘူး

စတေးတယ်ဆိုတဲ့နေရာမှာ ကိုယ့်ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ၊ လွတ်လပ်ခွင့်တွေကိုလည်း ဆိုလိုပါတယ်။ ယောက်ျားလေးတစ်ယောက် တကယ်ချစ်ပြီဆိုရင် ချစ်သူကို စိတ်မကောင်းဖြစ်စေမယ့် အပြုအမူတွေ၊ အကျင့်တွေအားလုံးကို ပြောင်းလဲပစ်လိုက်ပါတယ်။ သူ့ရဲ့ကိုယ်ပိုင်ရွေးချယ်ခွင့်တွေမှာတောင် ချစ်သူကို ထိခိုက်စေမယ့် ရွေးချယ်မှုမျိုးတွေကို လုံးဝရှောင်လိုက်ကြပါတယ်။ ချစ်သူသာသူတို့အတွက် နံပါတ် ၁ ဖြစ်ပါတယ်။

(၃) တန်ဖိုးထားကြောင်းပြတယ် (အရေးကြီးတယ်နော်)

ယောက်ျားဆိုတာမျိုးက သူတို့ရဲ့ခံစားချက်ကို ထုတ်ပြရာမှာ အင်မတန်ညံ့ဖျင်းသူတွေပါ။ ဒါပေမယ့် ယောက်ျားတစ်ယောက် တကယ်ချစ်ပြီဆိုရင်တော့ ချစ်သူကို တန်ဖိုးထားတာ ပေါ်လွင်နေမှာပါ။ သင်နဲ့နှစ်ယောက်တည်း ရှိတဲ့အချိန်မျိုးမှာ ပိုပြီးသိသာပါတယ်။ သင့်ကို တန်ဖိုးထားကြောင်း၊ လေးစားကြောင်း နည်းမျိုးစုံနဲ့မြင်ရမှာပါ။ နောက်ပြီး သူ့ထက်သင်သာသွားရင်တောင် သင့်အတွက် စိတ်သန့်သန့်လေးနဲ့ လက်ခုပ်တီးပေးနိုင်တဲ့သူပါ။  ဒါဆိုရင်တော့ သင့်ကို ဘဝနဲ့ထပ်တူချစ်တယ်ဆိုတာ သိထားလိုက်ပါ။

(၄) သင့်အတွက်ရုန်းကန်တယ်

သင့်ချစ်သူဟာ သင်နဲ့နီးစပ်ဖို့အတွက် အတားအဆီးမှန်သမျှကို ကျော်ဖြတ်ရဲတဲ့သူပါ။ သင်နဲ့နီးစပ်နိုင်ဖို့အတွက် နည်းမျိုးစုံကြိုးစားမယ့်သူပါ။ သင့်ကိုဆုံးရှုံးရမှာ သူအကြောက်ဆုံးပါပဲ။ သင့်အတွက်နဲ့ ကြိုးစားတယ်၊ ရုန်းကန်တယ်ဆိုရင်တော့ သင့်ကိုသူ့ဘဝနဲ့ထပ်တူ ချစ်လို့ဆိုတာ သိထားပေးပါ။

(၅) သင့်မိသားစုနဲ့သူငယ်ချင်းတွေကို လေးစားစွာဆက်ဆံတယ်

သင့်ကိုတကယ်ချစ်တဲ့သူအဖို့ သင့်မိသားစု၊ သင့်သူငယ်ချင်းတွေကပါ အရေးကြီးလာပါပြီ။ ယောက်ျားတစ်ယောက် တကယ်ချစ်မိသွားပြီဆိုရင် သင့်မိသားစုဝင်တစ်ယောက်ယောက်ကို ကြည့်လိုမရရင်တောင်မှာ သူထုတ်ပြောမှာမဟုတ်ပါဘူး။ အကြောင်းကတော့ သင်စိတ်မကောင်းဖြစ်မှာစိုးလို့ပါ။

crd…auntymay

Leave a Reply

Your email address will not be published. Required fields are marked *