Latest News

Better Knowledge Better Life

အိမ်ထောင်တစ်ခုတည်မြဲဖို့အတွက် အဓိကအကျဆုံး သော့ချက်များ……………..

အမေရိကန်နိုင်ငံရဲ့ ၅၀% သော စုံတွဲ၊ လင်မယားတွေဟာ ကွာရှင်းကြပါသတဲ့။ ဒီလိုအဖြစ်မျိုးဟာ ကိုယ့်ဆီမှာလည်း ဖြစ်မလာနိုင်ဘူးလို့ ပြောလို့မရပါဘူး။ ခိုင်မြဲတဲ့အိမ်ထောင်တစ်ခုဖြစ်လာဖို့အတွက် ခင်ပွန်းဖြစ်သူရော၊ ဇနီးဖြစ်သူပါ အတူတူ တက်ညီလက်ညီကြိုးစားရမှာဖြစ်ပါတယ်။

ခုဖော်ပြပေးမှာကတော့ ခိုင်မြဲပြီး ပျော်စရာကောင်းတဲ့အိမ်ထောင်တစ်ခုကို ပိုင်ဆိုင်ထားတဲ့ စုံတွဲတွေရဲ့ လက်သုံးနည်းလမ်းနဲ့ လိုက်နာကျင့်သုံးသင့်တဲ့ နည်းလမ်းလေးတွေပဲဖြစ်ပါတယ်။

အိမ်ထောင်တစ်ခုမှာ ဇနီးဖြစ်သူစိတ်ချမ်းသာလေလေ အိမ်ထောင်ရေးတစ်ခုဟာ အဆင်ပြေသာယာလေလေပါပဲတဲ့။ စိတ်ချမ်းသာတဲ့ဇနီးတစ်ယောက်ဟာ ခင်ပွန်းဖြစ်သူကို အများကြီးကောင်းကျိုးပေးနိုင်လို့ပါပဲ။

အိမ်ထောင်သက်တမ်း အနှစ် ၄၀ ခန့်ရှိတဲ့ စုံတွဲပေါင်း ၃၉၄ တွဲကို သုတေသနပြုလုပ်လိုက်တဲ့အခါ အံ့အားသင့်ဖွယ်အဖြေတစ်ခုကတော့ သူတို့အားလုံးဟာ လက်ရှိဘဝကို အလွန်ကျေနပ်ကြကြောင်း တွေ့ရှိရတာပါပဲ။ ခင်ပွန်းတွေဟာ အိမ်ထောင်သည်ဘဝမှာ ဘာကြောင့် ဒီလိုပျော်ရွှင်ြ်ပီး စိတ်ကျေနပ်ရလည်းဆိုတော့ အဖြေကရှင်းရှင်းလေးပါပဲ။ ဇနီးသည်ကို ပျော်အောင်ထားလို့ပါ။

နောက်ထပ် ရှာဖွေတွေ့ရှိချက်တစ်ခုအရ ခင်ပွန်းသည် နာမကျန်းဖြစ်လာတဲ့အခါ ဇနီးသည်တွေမှာ ပျော်ရွှင်မှုတွေ လျော့နည်းလာပါတယ်။ ဒါပေမယ့်လည်း ဇနီးသည်နာမကျန်းဖြစ်တဲ့အခါမှာတော့ ခင်ပွန်းသည်တွေဟာ ပျော်ရွှင်မှုတွေ လျော့နည်းမသွားတာပါပဲ။ အကြောင်းရင်းကတော့ ရှင်းရှင်းလေးပါ။ အမျိုးသမီးတွေဟာ ချစ်သူ၊ ခင်ပွန်းတွေကို အမြဲတမ်း ဂရုစိုက်ကြတဲ့သူတွေမို့လို့ပါ။

Professor Paul Dolan ရေးသားထားတဲ့စာအုပ်ထဲမှာ အိမ်ထောင်ရှင်အမျိုးသမီးတွေဟာ စိတ်ဖိစီးမှုနည်းပြီး အိမ်ထောင်သည်ယောက်ျားတွေကတော့ အသက်ပိုရှည်ကြပါသတဲ့။ ဒါကြောင့် အိမ်ထောင်တစ်ခုသာယာစေချင်တဲ့အခါမှာ ဇနီးဖြစ်သူကို စိတ်ချမ်းသာအောင် အရင်ထားလိုက်ပါလို့ အကြံပေးလိုက်ပါတယ်။

Em Em crd….