Latest News

Better Knowledge Better Life

ဆံပင်အရှည်မြန်လာစေအောင် လုပ်ပေးနိုင်တဲ့ အိမ်တွင်းကုထုံးများအ ကြောင်း………………

ဆံပင်အရှည်နှေးသူတွေ ကြုံတွေ့ရတာတွေကတော့ ကိုယ့်ဆံပင်ကို ရှည်အောင် ဘယ်လိုနည်းနဲ့ပဲ အားထုတ်ထုတ် မှန်း သလောက် ဆံပင်ရှည်မလာတာပါ။ တစ်ခါတစ်လေလည်း ဆံပင်က လက်ရှိထက် ပိုမရှည်လာတော့ဘဲ ဒီနေရာမှာပဲ ရပ်နေတာမျိုးနဲ့ ရင်ဆိုင်ကြရပါတယ်။ ဆံပင်ရှည်မြန်ချင်ရင်တော့ အခုဖော်ပြပေမယ့် အိမ်တွင်းကုထုံးတွေကို ပျိုမတေို့ လုပ်ကြည့်လို့ရပါတယ်။

(၁) ဂျင်း

ပါဝင်ပစ္စည်းများ – ဂျင်းမြစ် ။
– ဂျင်းကို အခွံနွှာပြီး ကြိတ်ပေးပါ။
– ရလာတဲ့အနှစ်နဲ့ ဦးရေပြားပေါ် လိမ်းပေးပါ။
– မိနစ် (၃၀) လောက်နှပ်ထားပေးပါ။
– ပုံမှန်အတိုင်း ခေါင်းလျှော်ပေးပါ။
– တစ်ပတ် (၂)ကြိမ်လုပ်ပေးပါ။

(၂) နနွင်းမှုန့်

ပါဝင်ပစ္စည်းများ – နနွင်းမှုန့် (စားပွဲတင်ဇွန်း ၃-၄ ဇွန်း) ၊ နွားနို့အစိမ်း (၁ ခွက်) ၊ ပျားရည် (စားပွဲတင်ဇွန်း ၂ ဇွန်း) ။
– နနွင်းမှုန့် နဲ့ ပျားရည်ကို နွားနို့ထဲထည့်ရောပေးပါ။
– ဦးရေပြားနဲ့ ဆံသားပေါ်ကို လိမ်းပေးပါ။
– မိနစ် (၃၀) နှပ်ထားပေးပြီး ခေါင်းလျှော်ရည် နဲ့ ခေါင်းလျှော်ပေးပါ။
– တစ်ပတ် (၁-၂) ကြိမ်လုပ်ပေးပါ။

ပါဝင်ပစ္စည်းများ – သဘာဝကော်ဖီမှုန့် (စားပွဲတင်ဇွန်း ၇-၈ ဇွန်း) ၊ ရေ (၂ ခွက်) ၊ Shower cap ၊ ရေနွေးနွေး။
– ကော်ဖီကို နှပ်ပေးပြီး အေးအောင်ထားပေးပါ။
– ဆံပင်ကို ခေါင်းလျှော်ရည်နဲ့ လျှော်ပေးပါ။
– ရေလောင်းပြီးရင် ကော်ဖီရည်နဲ့ ဦးရေပြားပေါ်ကနေလောင်းချပေးပါ။
– မိနစ်အနည်းငယ်လောက် နှိပ်နယ်ပေးပြီး shower cap နဲ့ အုပ်ပေးပါ။
– (၂၀-၃၀) မိနစ်ပြီးရင် ရေနွေးနွေး နဲ့ ခေါင်းလျှော်ပေးပါ။
– သဘာဝအတိုင်း ခေါင်းအခြောက်ခံပေးပါ။
– တစ်ပတ် (၁)ကြိမ်လုပ်ပေးပါ။