Latest News

Better Knowledge Better Life

ဘာသာကူးေျပာင္းလာၿပီး ဗုဒၶရဲ႕ အဆုံးအမေအာက္မွာ ဆယ္နွစ္ၾကာေပ်ာ္ေမြ႔ေနတဲ့ နုိင္ငံျခားသား ၂ ဦးးးး………….

ကမာၻေပၚမွာ အဓိက ကိုးကြယ္ရာဘာသာႀကီး ၄ ခုရွိတယ္လို႔ဆိုၾကပါတယ္။ ဗုဒၶဘာသာ၊ ခရစ္ယာန္ဘာသာ၊ အစၥလာမ္ဘာသာနဲ႔ ဟိႏၵဴဘာသာတို႔ ပဲျဖစ္ၾကပါတယ္။ ကိုးကြယ္ယံုၾကည္ရာ အျခားဘာသာေတြ နတ္ကိုးကြယ္သူေတြနဲ႔ ဘာသာမဲ့သူေတြလည္း ရွိၾကပါေသးတယ္။

ဘာသာတရားအားလံုးကေတာ့ သူ႔ဘာသာနဲ႔သူေကာင္းၾကပါတယ္။ ေကာင္းတာလုပ္ဖို႔ တုိက္တြန္းတယ္။ မေကာင္းတာ လုပ္တာေတြ မလုပ္မိဖို႔ တားျမစ္မယ္။ ဒါဘာသာတရားေတြရဲ႕ အေျခခံလို႔ ဆိုရမွာပါ။ ဒီလိုဘာသာေတြထဲကမွ ဗုဒၶဘာသာကေတာ့ အေကာင္းဆံုးဘာသာတရားလို႔ ကမၻာကလက္ခံၾကပါတယ္။

ဘာျဖစ္လို႔လဲဆိုရင္ ဆြစ္ဇာလန္နိုင္ငံ၊ ဂ်ာနီဗာၿမိဳ႕မွာ ရွိတဲ့ အျပည္ျပည္ဆိုင္ရာ ဘာသာေရးနွင့္ အသိဉာဏ္ ျမင့္မားေရးဆိုင္ရာ ပူေပါင္း ေဆာင္ရြက္ေရးအဖြဲ႔က ဗုဒၶဘာသာကို ကမၻာ့ အမြန္ျမတ္ဆံုး၊ အေကာင္းဆံုး ဘာသာေရး အၿဖစ္ ေရြးခ်ယ္ခဲ့ပါတယ္။

ေရြးခ်ယ္ပြဲကို ကမၻာ့ဘာသာေပါင္းစံုမွ ကိုယ္စားလွယ္ (၂၀၀)ေက်ာ္ ကေရြးခ်ယ္ခဲ့ျခင္း ျဖစ္ၿပီးေတာ့ ပိုၿပီး အ့ံၾသဖို႔ ေကာင္းတာက ပါ၀င္ ေရြးခ်ယ္ခဲ့တဲ့ ဘာသာေရး ေခါင္းေဆာင္ အမ်ားစုဟာ ဗုဒၶဘာသာကို မိမိတို႔ ဘာသာထက္ ေက်ာ္လြန္ၿပီး ဆႏၵမဲေပး ခဲ့ၾကတာပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဗုဒၶဘာသာဟာ အေကာင္းဆံုးလို႔ ဆိုရမွာျဖစ္ပါတယ္

လူတိုင္း လူတိုင္းမွာ မိမိတို႔ယံုၾကည္ကိုးကြယ္ရာတစ္ခုစီရွိၾကပါတယ္။ မိရိုးဖလာဆင္းသက္လာလို႔ မိဘကိုးကြယ္တာကိုပဲ ဆက္ကိုးကြယ္သူေတြလည္း ရွိသလို မိမိကိုယ္တိုင္က ယံုၾကည္လုိ႔ ကိုးကြယ္ၾကတာလဲ ရွိပါတယ္။

ဒါေပမဲ့ မိမိက တျခားဘာသာဝင္တစ္ေယာက္ျဖစ္ေပမဲ့ တျခားဘာသာရဲ႕ အဆံုးအမေတြကို စူးစမ္းေလ့လာ လိုက္နာအားထုတ္ရင္း အဲဒီဘာသာဝင္အျဖစ္ ေျပာင္းလဲမႈေတြကေတာ့ တကယ့္ကိုရွားပါးျဖစ္စဥ္ေတြပါ။

ခု အျဖစ္အပ်က္ေလးကေတာ့ ခရစ္ယာန္ဘာသာဝင္ ၂ ေယာက္ျဖစ္တဲ့ သူငယ္ခ်င္း ၂ ဦး စိတ္တူကိုယ္တူနဲ႔ ဗုဒၶဘာသာဝင္ေတြအျဖစ္ ကူးေျပာင္းခဲ့တဲ့ ျဖစ္စဥ္ေလးပါ။

သူတို႔ သူငယ္ခ်င္း ၂ ေယာက္ဟာ မူလခရစ္ယာန္ဘာသာဝင္ကေန ဗုဒၶဘာသာကို ေလ့လာရင္း ဗုဒၶရဲ႕ အဆံုးအမေတြအတိုင္း လိုက္နာက်င့္ႀကံ အားထုတ္ရင္းနဲ႔ ခုေတာ့ ဗုဒၶဘာသာအျဖစ္ခံယူခဲ့တာ ၁၀ ႏွစ္ေက်ာ္သြားၿပီလို႔ သိရပါတယ္။

ခုေတာ့ ဦးဇင္းဝတ္ၿပီး ဗုဒၶဘာသာရဲ႕ ေအးခ်မ္းတဲ့အရိပ္အာဝါသမွာ ေနထိုင္ရင္း ဗုဒၶရဲ႕ တရားေတာ္ကိုကိုင္း႐ိႈင္းသူေတြအတြက္ ေလာကမွာဘာေတြျဖစ္ေနပါေစ တုန္လႈပ္မႈမရွိေတာ့ဘူးလို႔ ဦးဇင္းေတြက မိန္႔ပါတယ္။

ေနာက္ၿပီး ဦးဇင္းတို႔ မိန္႔တာမွာ “လူျဖစ္ရတာေက်နပ္စရာေလးေပါ့၊ ဒါနဲ႔….ဟိႏၵဴနဲ႔ ခရစ္ယာန္ မွာလည္း က်မ္းစာေဟာထားအတိုင္းလိုက္နာမယ္ဆိုရင္လည္း လူ႔ဘံုနတ္ဘံုလို႔ေခၚတဲ့ သုဂတိဘံုေရာက္ႏိုင္တာပဲေလ။

ဒါေပမဲ့ ခ်မ္းသာအစစ္လို႔ေခၚတဲ့ နိဗၺာန္ကိုပို႔ေဆာင္ေပးႏိုင္တဲ့လမ္းစဥ္ေတာ့မရိွဘူးေပါ့… နိဗၺာန္ကိုပို႔ေဆာင္ေပးႏိုင္တဲ့လမ္းစဥ္ကေတာ့ ဗုဒၶဘာသာတစ္ခုတည္းသာရိွႏိုင္တယ္ေလ” လို႔ မိန္႔ၾကားခဲ့ပါတယ္။

ေနာက္ဆံုးစကားေလးကေတာ့ တကယ့္ကို မွတ္သားစရာေလးပါ။

“တကယ္ေတာ့ ဘယ္ဘာသာမဆို တစ္ဦးနဲ႔တစ္ဦးေမတၱာတရားအျပန္ အလွန္ရိွေနရင္ေတာ့ေအးခ်မ္းတဲ့ ကမၻာႀကီးတစ္ခုျဖစ္တာေပါ့ေလ..”

ဟုတ္ပါတယ္။ ဦးဇင္းမိန္႔ၾကားသလိုသာ အားလံုးကလိုက္နာႏိုင္မယ္ဆို လူမ်ိဳးေရး ဘာသာေရး ပဋိပကၡေတြ၊ စစ္ပြဲေတြ မရွိဘဲ ၿငိမ္းခ်မ္းတဲ့ ကမၻာႀကီးတစ္ခုကို က်ေနာ္တို႔ ဖန္တီးႏိုင္မွာပဲ ျဖစ္ပါတယ္။

ပရိသတ္အားလံုးလည္း ေမတၱာတရား ပြားမ်ားႏိုင္ၾကပါေစေနာ္…

ခရက္ဒစ္-မူရင္း
Source : Ma Ma May

Unicode

ကမ္ဘာပေါ်မှာ အဓိက ကိုးကွယ်ရာဘာသာကြီး ၄ ခုရှိတယ်လို့ဆိုကြပါတယ်။ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာနဲ့ ဟိန္ဒူဘာသာတို့ ပဲဖြစ်ကြပါတယ်။ ကိုးကွယ်ယုံကြည်ရာ အခြားဘာသာတွေ နတ်ကိုးကွယ်သူတွေနဲ့ ဘာသာမဲ့သူတွေလည်း ရှိကြပါသေးတယ်။

ဘာသာတရားအားလုံးကတော့ သူ့ဘာသာနဲ့သူကောင်းကြပါတယ်။ ကောင်းတာလုပ်ဖို့ တိုက်တွန်းတယ်။ မကောင်းတာ လုပ်တာတွေ မလုပ်မိဖို့ တားမြစ်မယ်။ ဒါဘာသာတရားတွေရဲ့ အခြေခံလို့ ဆိုရမှာပါ။ ဒီလိုဘာသာတွေထဲကမှ ဗုဒ္ဓဘာသာကတော့ အကောင်းဆုံးဘာသာတရားလို့ ကမ္ဘာကလက်ခံကြပါတယ်။

ဘာဖြစ်လို့လဲဆိုရင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျာနီဗာမြို့မှာ ရှိတဲ့ အပြည်ပြည်ဆိုင်ရာ ဘာသာရေးနှင့် အသိဉာဏ် မြင့်မားရေးဆိုင်ရာ ပူပေါင်း ဆောင်ရွက်ရေးအဖွဲ့က ဗုဒ္ဓဘာသာကို ကမ္ဘာ့ အမွန်မြတ်ဆုံး၊ အကောင်းဆုံး ဘာသာရေး အဖြစ် ရွေးချယ်ခဲ့ပါတယ်။

ရွေးချယ်ပွဲကို ကမ္ဘာ့ဘာသာပေါင်းစုံမှ ကိုယ်စားလှယ် (၂၀၀)ကျော် ကရွေးချယ်ခဲ့ခြင်း ဖြစ်ပြီးတော့ ပိုပြီး အံ့သြဖို့ ကောင်းတာက ပါဝင် ရွေးချယ်ခဲ့တဲ့ ဘာသာရေး ခေါင်းဆောင် အများစုဟာ ဗုဒ္ဓဘာသာကို မိမိတို့ ဘာသာထက် ကျော်လွန်ပြီး ဆန္ဒမဲပေး ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဟာ အကောင်းဆုံးလို့ ဆိုရမှာဖြစ်ပါတယ်။

လူတိုင်း လူတိုင်းမှာ မိမိတို့ယုံကြည်ကိုးကွယ်ရာတစ်ခုစီရှိကြပါတယ်။ မိရိုးဖလာဆင်းသက်လာလို့ မိဘကိုးကွယ်တာကိုပဲ ဆက်ကိုးကွယ်သူတွေလည်း ရှိသလို မိမိကိုယ်တိုင်က ယုံကြည်လို့ ကိုးကွယ်ကြတာလဲ ရှိပါတယ်။

ဒါပေမဲ့ မိမိက တခြားဘာသာဝင်တစ်ယောက်ဖြစ်ပေမဲ့ တခြားဘာသာရဲ့ အဆုံးအမတွေကို စူးစမ်းလေ့လာ လိုက်နာအားထုတ်ရင်း အဲဒီဘာသာဝင်အဖြစ် ပြောင်းလဲမှုတွေကတော့ တကယ့်ကိုရှားပါးဖြစ်စဉ်တွေပါ။

ခု အဖြစ်အပျက်လေးကတော့ ခရစ်ယာန်ဘာသာဝင် ၂ ယောက်ဖြစ်တဲ့ သူငယ်ချင်း ၂ ဦး စိတ်တူကိုယ်တူနဲ့ ဗုဒ္ဓဘာသာဝင်တွေအဖြစ် ကူးပြောင်းခဲ့တဲ့ ဖြစ်စဉ်လေးပါ။

သူတို့ သူငယ်ချင်း ၂ ယောက်ဟာ မူလခရစ်ယာန်ဘာသာဝင်ကနေ ဗုဒ္ဓဘာသာကို လေ့လာရင်း ဗုဒ္ဓရဲ့ အဆုံးအမတွေအတိုင်း လိုက်နာကျင့်ကြံ အားထုတ်ရင်းနဲ့ ခုတော့ ဗုဒ္ဓဘာသာအဖြစ်ခံယူခဲ့တာ ၁၀ နှစ်ကျော်သွားပြီလို့ သိရပါတယ်။

ခုတော့ ဦးဇင်းဝတ်ပြီး ဗုဒ္ဓဘာသာရဲ့ အေးချမ်းတဲ့အရိပ်အာဝါသမှာ နေထိုင်ရင်း ဗုဒ္ဓရဲ့ တရားတော်ကိုကိုင်းရှိုင်းသူတွေအတွက် လောကမှာဘာတွေဖြစ်နေပါစေ တုန်လှုပ်မှုမရှိတော့ဘူးလို့ ဦးဇင်းတွေက မိန့်ပါတယ်။

နောက်ပြီး ဦးဇင်းတို့ မိန့်တာမှာ “လူဖြစ်ရတာကျေနပ်စရာလေးပေါ့၊ ဒါနဲ့….ဟိန္ဒူနဲ့ ခရစ်ယာန် မှာလည်း ကျမ်းစာဟောထားအတိုင်းလိုက်နာမယ်ဆိုရင်လည်း လူ့ဘုံနတ်ဘုံလို့ခေါ်တဲ့ သုဂတိဘုံရောက်နိုင်တာပဲလေ။

ဒါပေမဲ့ ချမ်းသာအစစ်လို့ခေါ်တဲ့ နိဗ္ဗာန်ကိုပို့ဆောင်ပေးနိုင်တဲ့လမ်းစဉ်တော့မရှိဘူးပေါ့… နိဗ္ဗာန်ကိုပို့ဆောင်ပေးနိုင်တဲ့လမ်းစဉ်ကတော့ ဗုဒ္ဓဘာသာတစ်ခုတည်းသာရှိနိုင်တယ်လေ” လို့ မိန့်ကြားခဲ့ပါတယ်။

နောက်ဆုံးစကားလေးကတော့ တကယ့်ကို မှတ်သားစရာလေးပါ။

“တကယ်တော့ ဘယ်ဘာသာမဆို တစ်ဦးနဲ့တစ်ဦးမေတ္တာတရားအပြန် အလှန်ရှိနေရင်တော့အေးချမ်းတဲ့ ကမ္ဘာကြီးတစ်ခုဖြစ်တာပေါ့လေ..”

ဟုတ်ပါတယ်။ ဦးဇင်းမိန့်ကြားသလိုသာ အားလုံးကလိုက်နာနိုင်မယ်ဆို လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေ၊ စစ်ပွဲတွေ မရှိဘဲ ငြိမ်းချမ်းတဲ့ ကမ္ဘာကြီးတစ်ခုကို ကျနော်တို့ ဖန်တီးနိုင်မှာပဲ ဖြစ်ပါတယ်။

ပရိသတ်အားလုံးလည်း မေတ္တာတရား ပွားများနိုင်ကြပါစေနော်…

ခရက်ဒစ်-မူရင်း
Source : Ma Ma May