ကျော့ရှင်းမှုတွေနဲ့ အချိန်တိုင်းမှာလှသွေးကြွယ်နေတဲ့ မင်းသမီးလေးယုသန္တာတင်တစ်ယောက် အမြဲလိုလို နိုင်ငံခြားခရီးစဉ်တွေထွက်တတ်ပြီး ခရီးသွားရတာကို သဘောကျသူတစ်ယောက်ပါ။ ဒီလိုခရီးတွေသွားရင်းနဲ့ပဲ သူမ သွားခဲ့တဲ့ နိုင်ငံပေါင်း ၃၀ ပြည့်သွားခဲ့ပြီပဲဖြစ်ပါတယ်။ နောက်ဆုံး ၃၀ ပြည့်သွားတဲ့နိုင်ငံလေးကတော့ Estonia ပဲဖြစ်ပါတယ်။ လှလွန်းတဲ့ရှုခင်းတွေကြားမှာ ယုတစ်ယောက် ငေးမောမဆုံးပါပဲ။

အနုပညာလမ်းကြောင်းပေါ်မှာလျှောက်လှမ်းလာတာလည်း အချိန်အတိုင်းအတာတစ်ခုထိ ကြာမြင့်ခဲ့ပြီဖြစ်ပြီး သူမကိုအားပေးချစ်ခင်တဲ့ပရိသတ်တွေကလည်း အများအပြားပါပဲ။ လက်ရှိအချိန်ထိတော့ တစ်ကိုယ်တည်းအပျိုကြီးအဖြစ်နဲ့ သူငယ်ချင်းတွေနဲ့အတူ ခရီးတွေထွက်နေတဲ့ သူမရဲ့ဘဝကတော့ တကယ့်ကိုပျော်စရာအတိပါပဲ။ အချစ်မရှိတဲ့ဘဝမှာ အေးချမ်းမှုတွေနဲ့ တစ်နေ့တခြားပိုပိုပြီးလှလာတဲ့ ယုရဲ့ပုံရိပ်တွေကတော့ မြင်လိုက်တိုင်းမှာဆွဲဆောင်မှုအပြည့်ပါပဲ။

သူမရဲ့ခရီးသွားပုံရိပ်လေးတွေကို ” သွား ပါ များ ခရီး ရောက် ရင်း Estonia မှာ နိုင်ငံ ၃ဝ ပြည့် အမှတ် တရ ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ အပူအပင်ကင်းကင်းနဲ့ ကမ္ဘာပတ်ပြီးခရီးထွက်နိုင်တဲ့ ကုသိုလ်ကံကလည်း မခေလှဘူးနော်။ စိတ်ပျိုကိုယ်နုဆိုတဲ့စကားလေးအတိုင်းပဲ ခရီးတွေထွက်ပြီး ကိုယ့်စိတ်ကိုအလွတ်လပ်ဆုံးနဲ့ အပေါ့ပါးဆုံးဖြတ်သန်းနေတဲ့ယုတစ်ယောက် ပိုပိုပြီးလှလာတာတော့ မထူးဆန်းတော့ပါဘူး။