ဒီကနေ့ စက်တင်ဘာ(၁၇)ရက်နေ့ကတော့ မော်ဒယ် မင်းသားချော ပိုင်တံခွန်ရဲ့ မွေးနေ့ လေးပါ။ ပိုင်တံ ခွန် ကတော့ စက်တင်ဘာ (၁၇)ရက်နေ့က တနင်္သာရီတိုင်း ကော့သောင်းမြို့မှာ မွေးဖွားခဲ့တာပါ။ ဒီနှစ်ကတော့ အသက် (၂၃)နှစ်ပြည့် မွေးနေ့လေးပါ။ ပိုင်တံခွန် ကတော့ အနုပညာလောကထဲကို runway မော်ဒယ် အဖြစ် နဲ့ ရောက်လာခဲ့တာပါ။ ပိုင်တံခွန်ကတော့ ဂျွန်လွင်ရဲ့ မော်ဒယ် သင်တန်းကျောင်းမှာ တက်ရောက်ခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့ မော်ဒယ် လောကထဲ ရောက်လာခဲ့ပါတယ်။ (၂၀၁၇)မှာတော့ သရုပ်ဆောင် လောကထဲကို ၀င်ရောက်လာခဲ့ပါတယ်။ Midnight Traveller ၊ Bad Boys ဆိုတဲ့ ဇာတ်ကားတွေ ကို ရိုက်ကူး ခဲ့ပါတယ်။ (၂၀၁၈)မှာတော့ BuzzFeed ရဲ့ “23 Stunning South Asian Men That Are Too Gorgeous For Words” အဖြစ် ဖော်ပြခံခဲ့ရပါတယ်။(၂၀၁၉)မှာတော့ Myanmar Times ရဲ့ “Top 10 Actors” စာရင်း ရဲ့ နံပါတ်နှစ်နေရာမှာ ပါဝင်နိုင်ခဲ့ပါတယ်။

ဒီနှစ် (၂၀၁၉)ခုနှစ်ကတော့ ပိုင်တံခွန်ရဲ့ နှစ်လို့ တောင် ပြောလို့ရပါတယ်။ ထိုင်းနိုင်ငံအထိပါ အောင်မြင်မှု တွေ ရခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာပါ Fan Meeting ပွဲ လုပ်နိုင်ခဲ့ပါတယ်။ အခုဆိုရင်တော့ ထိုင်းမှာရော မြန်မာနိုင်ငံမှာပါ အနုပညာ အလုပ်တွေ တွဲလုပ်နေပါတယ်။ မွေးနေ့ မတိုင်ခင်တည်းက သူ့ အတွက် အလှူတွေ လုပ်ပေးနေကြတဲ့ ပရိသတ်တွေကို ပိုင်တံခွန်က စက်တင်ဘာ (၁၆)ရက်နေ့က သူ့ရဲ့ Fb မှာ အခုလို ပြန်ပြောခဲ့ပါတယ်။

“ကျနော့်ရဲ့ အသက် ၂၃ နှစ်ပြည့်မွေးနေ့က မနက်ဖြန်မှပါခင်မျာ

ဒါပေမယ့် မြန်မာနိုင်ငံက ပရိတ်သတ်တွေရော ထိုင်းနိုင်ငံက ပရိတ်သတ်တွေရောက ကျနော့် ရဲ့ မွေးနေ့အတွက်ဆိုပြီး မွေးနေ့မတိုင်ခင် ၃ရက်လောက်တည်းက မိဘမဲ့ ဂေဟာတွေ ၊ ပိုင်ရှင်မဲ့ တိလေးတွေအတွက် ဂေဟာတွေ နဲ့ ဘုရားကျောင်းကန် အသီးသီးမှာ ကျနော့်အတွက် အလှူတွေ အသီးသီးလုပ်နေကြတော့ဗျာ ကျနော့်အနေနဲ့ ဝမ်းသာ ဝမ်းနည်းဖြစ်ရပါတယ်။ ဝမ်းနည်းရခြင်းက ကျနော် ကိုယ်တိုင် မပါဝင်နိုင်တာပါ ။ ဘာဖြစ်ဖြစ် ကျနော် အတွက်မမေ့နိုင်စရာအချိန်လေးတွေပါ။ မနက်ဖြန် ကျနော်မွေးနေ့မှာလည်း တနေ့လုံး ရူတင်ထဲမှာ အလုပ်တွေနဲ့ ရှိနေမှာမို့ တကယ်လို့များ reply တွေ မလုပ်နိုင်ခဲ့ရင် ဒီနေရာကပဲ တဦးတယောက်ချင်းကို ကြိုတင်တောင်းပန်ပါတယ်ခင်မျာ ။ 🙏🙏……………” ဆိုပြီး တင်ခဲ့ပါတယ်။