အဖေဖြစ်သူ အဆိုတော်ကြီး လင်းလင်းနဲ့ မေမေ သရုပ်ဆောင် အဆိုတော် ချစ်သုဝေတို့ထက်ကို အားပေးကြတဲ့ ပရိသတ်သတ်တွေပိုများတဲ့ မေမြန်မာခေတ်နဲ့ မေမြန်မာသစ်တို့ ညီအမနှစ်ဦးကတော့ အရုပ်လေးတွေလို ချစ်စရာကောင်းလွန်းသူလေးတွေပါ။ လတ်တလောမှာတော့ ခေတ်လေးနဲ့ သစ်လေးက မေမေချစ်သုဝေနဲ့အတူ ဘန်ကောက်မြို့သို့ အလည်အပတ်ရောက်ရှိနေတာဖြစ်ပြီး ကစားကွင်းတွေလည်း လျှောက်လည်းရင်း အရမ်းပျော်နေကြတာပဲ ဖြစ်ပါတယ်။ ဘန်ကောက်ကို ခရီးထွက်ရင်း ဆော့ကစားပျော်ရွှင်နေကြတဲ့ ခေတ်လေးနဲ့ သစ်လေးတို့ကို ထိန်းရတာကြောင့် မေမေချစ်သုဝေတစ်ယောက် အရမ်းကို ပင်ပန်းနေပေမယ့်လည်း ကြည်နူးပီတိတွေ ဖြာဝေနေတာပဲ ဖြစ်ပါတယ်နော်။

ချစ်ပရိသတ်တွေအတွက် အရမ်းကို ချစ်ဖို့ကောင်းလွန်းတဲ့ ခေတ်နဲ့ သစ်လေးတို့ရဲ့ဘန်ကောက်ခရီးစဉ်က အမှတ်တရပုံရိပ်တွေကို ဝေမျှပေးလိုက်ပါတယ်နော်။

မေမေ ချစ်သုဝေကတော့ “သိပ်မပျော်ကြဘူးလေ.. ပုံတွေသာကြည့်ပါတော့အေ😂🤣😍🥰🤪🥴” ဆိုပြီး ခရီးထွက်နေရရင်ကို ပျော်နေတဲ့ သမီးငယ်လေးတွေရဲ့ပုံရိပ်တွေကို ဝေမျှပေးထားတာပါ။ အဖေနဲ့ရော အမေနဲ့ပါတူတဲ့ ခေတ်လေးနဲ့ သစ်လေးတို့ ညီအမနှစ်ဦးကတော့ အပြုံးလေးတွေကအစ အရမ်းကို ချစ်ဖို့ကောင်းလွန်းနေတာပါနော်။

ညီအမနှစ်ယောက် အကျီင်္ဆင်တူလေးတွေနဲ့ လျှောက်လည်…။

ထိုင်းနိုင်ငံရဲ့ကစားကွင်းတွေမှာလည်း ခေတ်နဲ့ သစ်တို့ရဲ့ခြေရာတွေချည်းပဲနော်…။