Latest News

Better Knowledge Better Life

မိန်းကလေး ပရိသတ်တွေကြားမှာ ရေပန်းစားလာတဲ့ Eternal Gosh အဖွဲ့ဝင် ဟန်နေတာ

ဟန်နေတာကတော့ လတ်တလောမှာ ဆိုရှယ်မီဒီယာပေါ်က ပရိသတ်တွေကြား စိတ်ဝင်စားမှုတွေကို ရရှိနေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူကတော့ Eternal Gosh Band ရဲ့ အဓိက အဆိုရှင်တစ်ယောက်ဖြစ်ပြီး သြဂုတ်လ ၃၁ရက်နေ့က ပြုလုပ်ခဲ့တဲ့ FGLiveLounge ပွဲမှာ ဖျော်ဖြေခဲ့တဲ့ ဗီဒီယို ဖေစ့်ဘုတ်ပေါ်မှာ ပျံ့နှံ့သွားခဲ့တဲ့နောက် ပရိသတ်တွေကြား အရင်ကထက် လူသိများလာခဲ့တာဖြစ်ပါတယ်။

ဟန်နေတာကတော့ ၂၀၁၅ ခုနှစ်လောက်ကတည်းက Eternal Gosh Band အဖွဲ့ဝင်အဖြစ်နဲ့ အနုပညာလှုပ်ရှားမှုတွေကို ပြုလုပ်ေ်နခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်ကတည်းကလည်း အမာခံလူငယ် ပရိသတ်တွေကိုလည်း ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ FGLiveLounge ပွဲမှာ ဖျော်ဖြေခဲ့တဲ့ “မိုးမခအိပ်မက် ခရမ်းပြာ” ဗီဒီယိုကိုတော့ ကြည့်ရှုသူ ၇သိန်း ၅သောင်းကျော်ရှိနေပြီဖြစ်ပြီး share လုပ်တဲ့သူ အရေအတွက်ကတော့ ၂သောင်း၎ထောင်ကျော်တောင် ရှိနေပြီဖြစ်ပါတယ်။

ဟန်နေတာကတော့ သူ့ရဲ့ ခံစားချက်ပါတဲ့ သီဆိုဟန်တွေကြောင့် သီချင်းပရိသတ်တွေကြားမှာလည်း ရေပန်းစားနေတာဖြစ်ပါတယ် ။ Eternal Gosh အဖွဲ့ဝင် ဟန်နေတာကို အရင်ထက်ပိုပြီးတော့ လူသိများသွားစေတဲ့ “မိုးမခအိပ်မက် ခရမ်းပြာ” ဗီဒီယိုလေးကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။