ပရိသတ်တွေ စိတ်ဝင်စားကြတဲ့ အနုပညာရှင် နှစ်ယောက်ဖြစ်တဲ့ သင်ဇာဝင့်ကျော်နဲ့ ဟိန်းမင်းသူက အနုပညာလျှောက်လမ်းကိုယ်စီမှာ အောင်မြင်မှုတွေ ကိုယ်စီရရှိနေသူတွေ ဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်ကလည်း သရုပ်ဆောင်လောကမှာ ပရိသတ် အခိုင်အမာ ရရှိထားသလို ဟိန်းမင်းသူကလည်း မိန်းကလေး ပရိသတ်တွေရဲ့ ဝန်းရံအားပေးခြင်းကို ခံရသူ ဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်နဲ့ ဟိန်းမင်းသူက ပြီးခဲ့တဲ့ စက်တင်ဘာလ (၁၃) ရက်နေ့က ရှမ်းပြည်နယ်၊ မိုင်းလားမြို့မှာရှိတဲ့ A-380 Club 3 Year Anniversary ပွဲကို သီချင်းဆို ဖျော်ဇြေို့ တက်ရောက်ခဲ့ကြပါတယ်။

ထိုပွဲမှာ သင်ဇာဝင့်ကျော်နဲ့ ဟိန်းမင်းသူက အတွဲညီညီ အပေးအယူမျှမျှနဲ့ သီချင်းတွေ သီဆိုဖျော်ဖြေကြတာ ပရိသတ်တွေ သဘောကျခဲ့ရပါတယ် ပရိသတ်တွေအတွက် သင်ဇာဝင့်ကျော်နဲ့ ဟိန်းမင်းသူရဲ့ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်နော်။