Latest News

Better Knowledge Better Life

သူငယ်ချင်း မြင့်မြတ်နဲ့အတူ ရုပ်ရှင်ရိုက်နေတဲ့ ရိုက်ကွင်းပုံရိပ်တွေ မျှဝေလိုက်တဲ့ မိုးအောင်ရင်။

ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိထားတဲ့ မိုးအောင်ရင်ကတော့ အနုပညာလှုပ်ရှားမှုတွေကို ပြန်လည်ပြုလုပ်နေပြီး ဆိုရှယ်မီဒီယာပေါ်မှာလည်း ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်ရှိနေတာဖြစ်ပါတယ်။ မိုးအောင်ရင်ကတော့ လတ်တလောမှာလည်း “အောက်စီဂျင်”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်နေတာဖြစ်ပါတယ်။

မိုးအောင်ရင်ကတော့ သူနဲ့ အနုပညာလောကထဲကို အတူတူဝင်ရောက်လာတဲ့ သူငယ်ချင်းကောင်းဖြစ်တဲ့ မြင့်မြတ်နဲ့အတူ တွဲဖက်ပြီး သရုပ်ေ်ဆာင်နေတာဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားမှာတော့ မိုးအောင်ရင်၊မြင့်မြတ်တို့နဲ့အတူ ရွှေမှုံရတီတို့လည်း ပါဝင်သရုပ်ဆောင်ကြမှာဖြစ်ပါတယ်။

မိုးအောင်ရင်ကတော့ ရိုက်ကွင်းပုံရိပ်တွေကို ပရိသတ်တွေအတွက် ရည်ရွယ်ပြီး ဖေစ်ဘုတ်ကနေ တစ်ဆင့် တင်ပေးနေတာဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ထောင်ထဲရောက်နေတဲ့ သူငယ်ချင်းကို သွားတွေ့တဲ့ ဇာတ်ဝင်ခန်းကို ရိုက်ကူးနေတာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source: Moe AUng Yin