Latest News

Better Knowledge Better Life

အိမ်မွေးတိရိစ္ဆာန်ချစ်တတ်တဲ့ ကောင်လေးတွေနဲ့ date လုပ်သင့်တဲ့ အကြောင်းအရင်း…….

စိတ်ပညာရှင်တွေရဲ့ လေ့လာမှုအရဆိုရင်တော့ အိမ်မွေးတိရိစ္ဆာန်ချစ်သူတွေဟာ သာမန်လူတွေထက် စိတ်ရှည်သည်းခံပြီး စိတ်ထားနူးညံ့ကြတယ်လို့ ဆိုပါတယ်။ ဒါကြောင့်မို့လို့ ပျိုမေတို့အနေနဲ့ ချစ်သူရွေးချယ်ပြီး date လုပ်တော့မယ်ဆိုရင် အိမ်မွေးတိရစ္ဆာန်ချစ်သူလေးတွေနဲ့ ဘာကြောင့် date လုပ်သင့်လဲဆိုတာကို ပြောပြပေးသွားမှာပါ။

(၁)  စိတ်ရှည်ကြတယ်

အိမ်မွေးတိရစ္ဆာန်လေးတွေ အပေါ်မှာတောင် ဘာမဆို စိတ်ရှည်သည်းခံပြီး ချစ်တတ်တာကြောင့် ကိုယ့်ကောင်မလေးအပေါ်မှာဆိုရင်တော့ ပြောစရာမလိုလောက်အောင်ပါပဲ။ မိန်းကလေးဆိုတာမျိုးက ကိုယ့်ကို စိတ်ရှည်သည်းခံတတ်တဲ့ ချစ်သူမျိုးကို ရွေးချယ်ရှာဖွေတတ်ကြတာဆိုတော့ ဒီအချက်က ပျိုမေတို့အကြိုက်ပါပဲ။

(၂) ဂရုစိုက်၊ သည်းခံတတ်ကြတယ်

အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးထားတဲ့အခါ ဖြစ်သလို ပစ်ထားလို့မရပါဘူး။ လိုအပ်တဲ့စောင့်ရှောက်မှုတွေကို အမြဲလိုလို ပြုလုပ်ပေးရတာပါ။ ဒီလိုမျိုး အိမ်မွေးတိရစ္ဆာန်လေးတွေကို သည်းခံဂရုစိုက်တတ်တဲ့ ကောင်လေးတွေဟာ ကိုယ့်ချစ်သူအပေါ် သည်းခံနားလည်ပြီး ဂရုစိုက်နိုင်ပါ့မလားဆိုတာကတော့ မေးနေစရာတောင် မလိုတော့ပါဘူး ပျိုမေတို့ရေ။

(၃) အေးအေးဆေးဆေး နေတတ်ကြသူတွေပါ

အိမ်မွေးတိရစ္ဆာန်မွေးမြူထားသူတွေရဲ့ စိတ်နေစိတ်ထားကို စိတ်ပညာလေ့လာမှုတွေ ပြုလုပ်ကြည့်တဲ့အခါ သူတို့ဟာ စိတ်ခံစားမှု နူးညံသိမ်မွေ့ကြပြီး အေးအေးဆေးဆေး နေတတ်သူတွေလို့ သိရပါတယ်။ ပါတီတွေတက်၊ အပျော်အပါးမက်တတ်သူတွေ မဟုတ်ကြတဲ့အတွက် စိုးရိမ်မကင်း ဖြစ်နေစရာလည်း မလိုတော့ပါဘူး။

(၄) နားလည်မှုပေးနိုင်ကြတယ်

အချစ်ရေးမှာ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုဟာလည်း အရေးကြီးတဲ့ အချက်တခုပါ။ အိမ်မွေးတိရစ္ဆာန်ချစ်သူလေးတွေဟာ အရာရာကို နားလည်ပေးနိုင်စွမ်းရှိပြီး အလွယ်တကူ သည်းခံပေးနိုင်သူတွေပါ။